back

ဒီဇင်ဘာလအတွက် ထုတ်ပြန်လိုက်တဲ့ ဖီဖာ ကမ္ဘာ့အဆင့်ရပ်တည်မှုမှာ မြန်မာလက်ရွေးစင် အသင်း ရမှတ် ၉၉၁ မှတ်နဲ့ အဆင့် ၁၆၃ မှာ ဆက်လက်ရပ်တည်

Dec 23 • 8:19 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဒီဇင်ဘာလအတွက် ထုတ်ပြန်လိုက်တဲ့ ဖီဖာ ကမ္ဘာ့အဆင့်ရပ်တည်မှုမှာ မြန်မာလက်ရွေးစင် အသင်း ရမှတ် ၉၉၁ မှတ်နဲ့ အဆင့် ၁၆၃ မှာ ဆက်လက်ရပ်တည်

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အသစ်ထုတ်ပြန်လိုက်တဲ့ ဖီဖာ ကမ္ဘာ့အဆင့်ရပ်တည်မှုမှာတော့ နိုဝင်ဘာလထဲမှာ နိုင်ငံတကာပွဲစဥ်တွေ ယှဥ်ပြိုင် ကစားထားခြင်းမရှိခဲ့တဲ့ မြန်မာလက်ရွေးစ...

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အသစ်ထုတ်ပြန်လိုက်တဲ့ ဖီဖာ ကမ္ဘာ့အဆင့်ရပ်တည်မှုမှာတော့ နိုဝင်ဘာလထဲမှာ နိုင်ငံတကာပွဲစဥ်တွေ ယှဥ်ပြိုင် ကစားထားခြင်းမရှိခဲ့တဲ့ မြန်မာလက်ရွေးစင် အသင်းကတော့ ရမှတ် ၉၉၁ မှတ်နဲ့ပဲ အဆင့် ၁၆၃ နေရဟမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။ အာဆီယံ နိုင်ငံတွေထဲမှာတော့ ထိုင်းနိုင်ငံက အမြင့်ဆုံးရပ်တည်မှုအဖြစ် အဆင့် ၉၆ နေရာမှာရပ်တည်နေခဲ့ပါတယ်။ ဗီယက်နမ်အသင်းကတော့ ရမှတ် ၅.၈၉ မှတ်မြင့်တက်လာကာ အဆင့် ၃ ဆင့်တက်လာခဲပြီး ကမ္ဘာ့အဆင့်ရပ်တည်မှုမှာ အဆင့် ၁၀၇ နေရာကိုရောက်လာခဲ့ပါတယ်။ မလေးရှားအသင်းကတော့ နိုဝင်ဘာလမှာ ကစားခဲ့တဲ့ နိုင်ငံတတကာခြေစွမ်းပွဲတွေမှာ သတ်မှတ်စံနှုန်းနဲ့ မကိုက်ညီတဲ့ ကစားသမားများအသုံးပြုခဲ့မှုကြောင့် ခြေစမ်းပွဲ ၃ ပွဲလုံးကို ၃ ဂိုးပြတ်ရလာဒ်တွေဖြင့် အရှုးပေးခဲ့ရပြီး ကမ္ဘာ့အဆင့်ရပ်တည်မှုမှာလည်း အဆင့် ၅ ဆင့်ထိကျသွားခဲ့ကာ အဆင့် ၁၂၁ မှာ ရပ်တည်နေခဲ့ပါတယ်။




news-view-count-icon

35