၂၃.၁၂.၂၀၂၅ရက်နေ့၊ ၁၈နာရီ ၀၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းနယ်မြေ၊ လွယ်ဆမ်ဆုန်တောင်တက်လမ်း မိုင်းဆတ်ဘက်မှ တာချီလိတ်သို့ မောင်းနှင်လာသော MITSUBISHI CANTER FUSOအမျိုးအစား(၆)ဘီး(အဖြူရောင်)ယာဉ်သည် ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့ပါတယ်။အဆိုပါသတင်းရရှိသဖြင့် မိုင်းဆတ်ခရိုင်မီးသတ်စခန်းမှ ကရိန်းယာဉ်(၁)စီး၊ မိုင်းဆတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မိုင်းတွမ်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၃)ဦး စုစုပေါင်း(၆)ဦးအနက်၊ မ(၂)ဦး(ေ-သဆုံး)၊ ကျား(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိုင်းဆတ်မြို့နယ် ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။



