back

တကျော့ပြန် နယ်စပ်ပြဿနာ ထိုင်းနဲ့ ကမ္ဘောဒီးယား ဆွေးနွေးတော့မယ်

Dec 23 • 7:46 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

တကျော့ပြန် နယ်စပ်ပြဿနာ ထိုင်းနဲ့ ကမ္ဘောဒီးယား ဆွေးနွေးတော့မယ်

နယ်စပ်ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားပြီးနောက် နှစ်ပတ်အကြာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကွာလာလမ်ပူမှာ ဆွေးနွေးပွဲတွေလုပ်ဖို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းနိုင်...

နယ်စပ်ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားပြီးနောက် နှစ်ပတ်အကြာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကွာလာလမ်ပူမှာ ဆွေးနွေးပွဲတွေလုပ်ဖို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံကို တောင်းဆိုလိုက်ပြီး မနက်ဖြန်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ယခင်အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးနောက် ယခုလမှာ ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံမှာ အနည်းဆုံး လူ ၂၃ ယောက်နဲ့ ကမ္ဘောဒီးယားမှာတော့ ၂၁ ယောက်သေဆုံကော နှစ်ဖက်စလုံးမှ လူကိုးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖောင်ကက်ကေးအိုဟာ ဒီဇင်ဘာ၂၂ရက်တနင်္လာနေ့က မလေးရှားမြို့တော် ကွာလာလမ်ပူမှာ ကမ္ဘောဒီးယားအပါအဝင် အာဆီယံအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီးနောက် ကမ္ဘောဒီးယားနဲ့ ဆွေးနွေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဆွေးနွေးပွဲကို လက်ရှိ နှစ်နိုင်ငံနယ်စပ်ကော်မတီ မူဘောင်အတွင်း ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံ ချန်သာဘူရီမှာ ကျင်းပမယ်လို့ ဆီဟာဆတ်က သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမယ့်လည်း တနင်္လာနေ့မှာ ထိုင်းကာကွယ်ရေးဝန်ကြီး နာတာဖွန် နာ့ခ်ဖာနစ်ထံ ပေးပို့တဲ့ စာတစောင်မှာတော့ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး တီဆိုင်ဟာက အစည်းအဝေးကို ကွာလာလမ်ပူမှာ ကျင်းပဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

news-view-count-icon

14