back

အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကို လိုအပ်ကြောင်း ဒေါ်နယ်ထရန့် ပြောပြန်

Dec 23 • 7:48 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကို လိုအပ်ကြောင်း ဒေါ်နယ်ထရန့် ပြောပြန်

အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်း ဒေသကို အမေရိကန်ကလိုအပ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ယမန်နေ့တွင်ထပ်မံ အခိုင်အမာပြောကြားပြီး ၎င်းခန့်အပ်လိုက်သော အထူးသံတမန်တစ်ဦးက ...

အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်း ဒေသကို အမေရိကန်ကလိုအပ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ယမန်နေ့တွင်ထပ်မံ အခိုင်အမာပြောကြားပြီး ၎င်းခန့်အပ်လိုက်သော အထူးသံတမန်တစ်ဦးက ထိုကိစ္စကို ဦးဆောင်သွားမည်ဟု ဆက်လက်ပြောကြားသည်။လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်ဗ်လန်ဒရီအား ၎င်း၏ ဂရင်းလန်း အထူးသံတမန်အဖြစ် ထရန့်က တ နင်္ဂနွေနေ့တွင် ခန့်အပ်တာဝန်ပေးခဲ့ရာ သဘာဝသယံဇာတများ ပေါ်ကြွယ်ဝသော အာတိတ်ကျွန်းအပေါ် အမေရိ ကန်၏ စိတ်ဝင်စားမှုအတွက် ဒိန်းမတ် နှင့် ဂရင်းလန်းဆီမှ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

အမျိုးသားလုံခြုံ‌ရေးအတွက် ကျွန်တော်တို့ ဂရင်းလန်းကို လိုအပ်ပါတယ်။ တွင်းထွက်တွေကြောင့် မဟုတ်ပါဘူး။ ဂရင်းလန်းကို ကြည့်လိုက်ရင် ကမ်းရိုးတန်းအစုန် အဆန်မှာ ရုရှားနဲ့ တရုတ်သင်္ဘောတွေရှိနေပါတယ်။ အမျိုးသား လုံ ခြုံရေးအတွက် ဒီကျွန်းကို ကျွန်‌တော်တို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ပိုင်မှ ရမယ်” ဟု ဖလော်ရီဒါပြည်နယ် တွင် ပြောကြားပြီး ထိုကိစ္စကို ဦးဆောင်ရန် လန်ဒရီက စိတ်အား ထက်သန်နေသည်ဟု ဆက်ပြောသည်။ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရက်ဒရစ်ဆန် နှင့် ဂရင်းလန်းဝန်ကြီးချုပ် ဂျန်းစ်ဖရက်ဒရစ်နီယယ်ဆင်တို့ကမူ ဂရင်းလန်းကို ဂရင်းလန်းသားများသာ ပိုင်ဆိုင်ကြောင်း အစောပိုင်းတွင် ပူးတွဲထုတ်ပြန်ခဲ့သည်။



news-view-count-icon

32