back

အင်ဒိုနီးရှားနိုင်ငံဂျာဗားကျွန်း ဆီမာရူမီးတောင်ကြီး တစ်ရက်အတွင်း ၆ ကြိမ် ပေါက်ကွဲ

Dec 23 • 7:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်ဒိုနီးရှားနိုင်ငံဂျာဗားကျွန်း ဆီမာရူမီးတောင်ကြီး တစ်ရက်အတွင်း ၆ ကြိမ် ပေါက်ကွဲ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်း၏ အမြင့်ဆုံးဖြစ်သော ဆီမာရူမီးတောင်ကြီး ပေါက်ကွဲနိုင်ကြောင်း သတိပေးချက်များ နှစ်ချီ ထုတ်ပြန်ခဲ့ရသည့် အနေအထားမှ ယမန်နေ့ ဒီဇင်ဘာ ...

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်း၏ အမြင့်ဆုံးဖြစ်သော ဆီမာရူမီးတောင်ကြီး ပေါက်ကွဲနိုင်ကြောင်း သတိပေးချက်များ နှစ်ချီ ထုတ်ပြန်ခဲ့ရသည့် အနေအထားမှ ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်တွင် တစ်ရက်အတွင်း ၆ ကြိမ်တိုင် ပေါက်ကွဲခဲ့ကြောင်း သိရသည်။အရှေ့ဂျာဗားရှိ ဆီမာရူတောင်ကြီးသည် အမြင့်ပေ ၁၂၀၀၀ အထိရှိကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာက ပေါက်ကွဲမှုတွင် လူပေါင်း ၅၁ ဦးသေဆုံးပြီး ဒေသခံ ရာပေါင်းများစွာ ချော်ရည်ပူလောင် ဒဏ်ရာရခဲ့ကြသလို မီးတောင်ရွှံ့စေးများ ပျော်ဆင်းကာ တစ်ရွာလုံး ဖုံးလွှမ်းခဲ့သဖြင့် လူပေါင်း တစ်သောင်းကျော် ရွှေ့ပြောင်းခဲ့ရသေးသည်။ယခုတစ်ကြိမ်တွင် တစ်ရက်တည်း ၆ ကြိမ် ပေါက်ကွဲရာတွင် ကောင်းကင်အမြင့် ၃၉၃၄ ပေအထိ မီးတောင်ပြာမှုန်များ လွင့်တက်နေခဲ့ပြီး ယင်းတောင်နှင့် ၈ မိုင်အကွာအဝေးအတွင်းမည်သူမျှ နေထိုင်ခြင်းမပြုဘဲ ရှောင်တိမ်းကြရန် တာဝန်ရှိသူများက သတိပေးထုတ်ပြန်သလို မီးတောင်ချော်ရည်နှင့် ရွှံ့စေးပြာပူများလည်း ပျော်ကျစီးဆင်း နေပြီဖြစ်သည်။ မီးတောင်နှင့် ၅ မိုင်ပတ်လည်အတွင်း မည်သူမျှ မသွားလာသင့်ဘဲ ပေါက်ကွဲမှုမှ ကျောက်တုံး ကျောက်သားများ လွင့်စင် ထိခိုက်နိုင်သည်ဟုလည်း သတိပေးထားသည်။

မီးတောင် ပေါက်ကွဲသည့် နေရာတွင် အပူချိန်သည် ၈၀၀ ဒီဂရီကျော်သည်အထိ ပြင်းထန်နေမည် ဖြစ်ကြောင်းလည်း သိရသည်။



news-view-count-icon

51