back

ပဲခူးတိုင်း၊ရေတာရှည်နှင့် တောင်ငူ၌ ငလျင်လှုပ်မှုယနေ့ထပ်မံဖြစ်ပွား

Dec 23 • 7:24 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပဲခူးတိုင်း၊ရေတာရှည်နှင့် တောင်ငူ၌ ငလျင်လှုပ်မှုယနေ့ထပ်မံဖြစ်ပွား

ပဲခူးတိုင်း၊ ရေတာရှည်မြို့နှင့် တောင်ငူမြို့၌ ယနေ့(ဒီဇင်ဘာ ၂၃ ရက်) နံနက် ၁၁ နာရီ ၄၉ မိနစ် ၁၇ စက္ကန့်တွင် ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ယင်းငလျင်မှ...

ပဲခူးတိုင်း၊ ရေတာရှည်မြို့နှင့် တောင်ငူမြို့၌ ယနေ့(ဒီဇင်ဘာ ၂၃ ရက်) နံနက် ၁၁ နာရီ ၄၉ မိနစ် ၁၇ စက္ကန့်တွင် ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ယင်းငလျင်မှာ အင်အား ၃ ဒသမ ၇ အဆင့်ရှိငလျင်ဖြစ်ပြီး ရေတာရှည်မြို့အားဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် ငလျင်ကြီး၏နောက်ဆက်တွဲငလျင်အမှတ်(၂၅၂) ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

တောင်ငူမြို့တွင်နေထိုင်သူတစ်ဦးက "သိလိုက်တယ်။ သိသာတယ် ဒုန်းကနဲပဲ နှစ်ချက်တောင်" ဟု ပြောသည်။

news-view-count-icon

43