back

ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၄,၄၀၀ ထိ မြင့်တက်လာ

Dec 23 • 7:18 AM

breaking-news

မြန်မာ

ပြည်ပ

breaking-news
cover

ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၄,၄၀၀ ထိ မြင့်တက်လာ

ကမ္ဘာ့ရွှေဈေးဟာ စံချိန်တင်အောင် ထပ်မံမြင့်တက်ခဲ့ပြီး တစ်အောင်စကို ဒေါ်လာ ၄,၄၀၀ အထက် ဖြစ်သွား တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အမေရိကန် ဗဟိုဘဏ်တိုးနှုန်း...

ကမ္ဘာ့ရွှေဈေးဟာ စံချိန်တင်အောင် ထပ်မံမြင့်တက်ခဲ့ပြီး တစ်အောင်စကို ဒေါ်လာ ၄,၄၀၀ အထက် ဖြစ်သွား တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အမေရိကန် ဗဟိုဘဏ်တိုးနှုန်းကို နောက်နှစ်မှာ ထပ် လျှော့မယ်လို့ ယူဆမှုတွေကြောင့် ခုလို ရွှေစျေးတက်တာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒီနှစ်အစမှာ ရွှေတစ်အောင်စကို ဒေါ်လာ ၂၆ဝဝ ကနေ ပထဝီနိုင်ငံရေး တင်းမာမှု၊ ထရမ့်အစိုးရရဲ့ သွင်းကုန်ခွန် တိုးမြှင့်မှုနဲ့ ဘဏ်တိုးနှုန်းကျဖို့ မျှော်လင့်မှုတွေကြောင့် ရွှေနဲ့ တခြားကုန်စည်တွေအပေါ် ပြောင်းပြီး ရင်းနှီးမြှုပ်နှံ လာ ကြပါတယ်။ အခြားသတ္တုစျေးနှုန်းတွေလည်း မြင့်တက်လာပြီး ငွေသတ္တုစျေးလည်း စံချိန်တင် တက်ခဲ့ပါ တယ်။ ရွှေစျေးက ဒီနှစ်ထဲမှာ ၆၈ ရာခိုင်နှုန်းကျော် တက်လာပြီး ၁၉၇၉ နောက်ပိုင်း အမြင့်ဆုံးဈေးဖြစ်တယ်လို့ BullionVault ရွှေချောင်း ရောင်းဝယ်ရေးက သုတေသန ဒါရိုက်တာ အေဒရီယံအက်ရှ်က ပြောပါတယ်။ သမ္မတထရမ့်ကြောင့် ရွှေစျေး ကသောင်းသနင်း ဖြစ်တာလို့ ရွှေစျေးကွက်ဘက်က ပြောကြောင်းနဲ့ ကုန်သွယ်ရေး စစ်ပွဲ၊ အမေရိကန် ဖက်ဒရယ်ဘဏ်ကို တိုက်ခိုက်မှုနဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေ အားလုံးက ထရမ့်ဆီက လာတာလို့လည်း အေဒရီယံအက်ရှ်က ပြောပါတယ်။

news-view-count-icon

37