back

ဆော်ဒီအာရေဗျတွင် သေဒဏ်ပေးကွပ်မျက်မှု နှစ်နှစ်ဆက်တိုက် စံချိန်တင်

Dec 23 • 7:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆော်ဒီအာရေဗျတွင် သေဒဏ်ပေးကွပ်မျက်မှု နှစ်နှစ်ဆက်တိုက် စံချိန်တင်

ဆော်ဒီအာရေဗျနိုင်ငံတွင် နှစ်စဉ် သေဒဏ်ပေးကွပ်မျက်မှုအရေအတွက် စံချိန်တင်ခဲ့ပြီး နှစ်နှစ်ဆက်တိုက် စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် သုတေသနအဖွဲ့တစ်ဖွဲ့...

ဆော်ဒီအာရေဗျနိုင်ငံတွင် နှစ်စဉ် သေဒဏ်ပေးကွပ်မျက်မှုအရေအတွက် စံချိန်တင်ခဲ့ပြီး နှစ်နှစ်ဆက်တိုက် စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် သုတေသနအဖွဲ့တစ်ဖွဲ့က ဒီဇင်ဘာ ၂၁ရက်တွင်ပြောသည်။၂၀၂၄ ခုနှစ်တွင် ကွပ်မျက်ခံရသူအရေအတွက် စုစုပေါင်း ၃၄၅ ဦးရှိရာမှ ယခုနှစ်တွင် လူ၃၄၇ ဦးကို ကွပ်မျက်ခဲ့ပြီး ယင်းမှာ စောင့်ကြည့်မှုစတင်ကတည်းက ဆော်ဒီအာရေဗျတွင် အများဆုံး ကွပ်မျက်မှု ဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောသည်။နောက်ဆုံး ကွပ်မျက်ခံရသည့် အကျဉ်းသားများသည် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ပြစ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် ပါကစ္စတန်နိုင်ငံသားနှစ်ဦးဖြစ်ပြီး ယခုနှစ်အတွင်း ကွပ်မျက်ခံရသည့် အခြားသူများထဲတွင် သတင်းထောက်တစ်ဦးလည်း ပါဝင်နေသည်။ ကွပ်မျက်စာရင်းတွင် ဆန္ဒပြမှုနှင့်ဆက်စပ်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ချိန်တွင် အသက်မပြည့် သေးသည့် လူငယ်နှစ်ဦးနှင့် အမျိုးသမီးငါးဦးလည်း ပါဝင်နေသည်။ ကွပ်မျက်မှုများ မြင့်တက်လာခြင်းနှင့် ပတ်သက်ပြီး ဆော်ဒီအာဏာပိုင်များ မှတ်ချက်ပေးခြင်းမရှိပေ။ဆော်ဒီအာရေဗျသည် ကွပ်မျက်မှုများကို လွတ်လပ်စွာ လုပ်ဆောင်နေပြီးလူ့အခွင့်အရေး စနစ်ကို လှောင်ပြောင်နေကြောင်း ဗြိတိန်အခြေစိုက်သုတေသနအဖွဲ့က ဆိုသည်။ကုလသမဂ္ဂကလည်း ယင်းသို့သောကွပ်မျက်မှုများသည် နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီကြောင်း ပြောဆိုထားသည်။


news-view-count-icon

26