back

(၂)နှစ်ကျော်ကြာပိတ်ထားရသည့် ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ်ရှိ သုံးဆယ်တိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်

Dec 23 • 7:02 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

(၂)နှစ်ကျော်ကြာပိတ်ထားရသည့် ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ်ရှိ သုံးဆယ်တိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်ခါနီးမှစတင်ကာ ယာယီပိတ်ထားခဲ့ရသည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ သုံးဆယ်တိုက်နယ်ဆေးရုံအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ပြန်...

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်ခါနီးမှစတင်ကာ ယာယီပိတ်ထားခဲ့ရသည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ သုံးဆယ်တိုက်နယ်ဆေးရုံအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကုသရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ နှီးနွယ်ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် စေတနာရှင်များပူးပေါင်း၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဒေသခံများအား ကျန်းမာရေးဝန်ထမ်းများက ကုသရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ၍ သုံးဆယ်တိုက်နယ်မှ ဒေသခံ(၃၀,၀၀၀)ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုများလွှမ်းခြုံဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

32