back

စင်ကာပူ Chinatown တွင် စိတ်ကျန်းမာရေးချို့ယွင်းသည်ဟု ယူဆရသည့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်း

Dec 23 • 7:07 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ Chinatown တွင် စိတ်ကျန်းမာရေးချို့ယွင်းသည်ဟု ယူဆရသည့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်း

စင်ကာပူနိုင်ငံ၊ Chinatown ရှိ Club Street တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းက လက်ထဲတွင် အရာဝတ္ထုတစ်ခုကို ဆုပ်ကိုင်ထားသည့် အသက် ၅၇ နှစ်အရွယ် အမျိုးသမီး...

စင်ကာပူနိုင်ငံ၊ Chinatown ရှိ Club Street တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းက လက်ထဲတွင် အရာဝတ္ထုတစ်ခုကို ဆုပ်ကိုင်ထားသည့် အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းထိန်းသိမ်းခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါအမျိုးသမီးသည် အများပြည်သူအား အန္တရာယ်ပြုနိုင်သည့် အခြေအနေရှိသည်ဟု ယူဆရသဖြင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးက ဝိုင်းရံထားပြီးနောက် နောက်ကျောဘက်မှနေ၍ လျင်မြန်စွာ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းအား စိတ်ကျန်းမာရေးဆိုင်ရာ အက်ဥပဒေ (Mental Health Act) အရ ဖမ်းဆီးထားပြီး လိုအပ်သည့် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုနှင့် စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

11