ကယန်းဒေသ အမှတ်(၂)ခရိုင် အမှတ်(၃) မြို့နယ် ကြေးကတော့အောက်(ခ) စိန်မိုက်ကယ်မြို့သစ်တည်ထောင်ခြင်း (၂၅) နှစ်ပြည့်ငွေရတုပွဲနဲ့ Rv.Fr ကျော်စိန်ရဲ့ ရဟန်းဝါ(၂၅) နှစ်ပြည့်ငွေရတုဂျူဗလီပွဲကို မနေ့ ဒီဇင်ဘာ ၂၁ရက်နေ့က စိန်မိုက်ကယ်မြို့သစ်မှာ ကျင်းပခဲ့ပါတယ်။ကြေးကတော့အောက် (ခ) စိန်မိုက်ကယ်မြို့သစ်ကို ၂၀၀၀ ခုနှစ် ဒီဇင်ဘာ (၂၁) ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယခု ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၁ရက်မှာတော့ (၂၅) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲနဲ့ ရိုးရာဗုံပလွေပြိုင်ပွဲတွေကို ပြုလုပ်ခဲ့ကြပြီး ညပိုင်းအစီအစဉ်အဖြစ် အကပဒေသာဖျော်ခြေခြင်းအစီအစဥ်အပြင် KNECမှ ဖွင့်လှစ်ထားတဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ၊ကျောင်းသားများမှ နည်းပညာပိုင်းဆိုင်ရာ ပြခန်းတွေပြသခဲ့ကြပါတယ်။
ကယားပြည်နယ်တွင် စိန်မိုက်ကယ်မြို့သစ် တည်ထောင်ခြင်း (၂၅) နှစ်ပြည့် ငွေရတုဂျူဗလီအထိန်းအမှတ်ပွဲ ကျင်းပခဲ့
Dec 23 • 3:41 AM
မြန်မာ
ကယား
မျှဝေမည်
| 21 | 0 | 0 | 0 |


