back

မန္တလေးတွင် မုန်လာဥများလှိုင်လှိုင်ထွက်ရှိလာမှုကြောင့်ဈေးနှုန်းများပြုတ်ကျ

Dec 23 • 3:42 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတွင် မုန်လာဥများလှိုင်လှိုင်ထွက်ရှိလာမှုကြောင့်ဈေးနှုန်းများပြုတ်ကျ

မန္တလေးတွင် မုန်လာဥထွက်ရှိမှုများပြားလာမှုကြောင့် ဈေးကွက်အတွင်းမုန်လာဥဈေးနှုန်းများဆက်တိုက်ကျဆင်းလာကြောင်း မန္တလေးဒေသခံများကပြောသည်။ယခုရက်ပိုင်းအတွင်း အမရပူရ၊ စ...

မန္တလေးတွင် မုန်လာဥထွက်ရှိမှုများပြားလာမှုကြောင့် ဈေးကွက်အတွင်းမုန်လာဥဈေးနှုန်းများဆက်တိုက်ကျဆင်းလာကြောင်း မန္တလေးဒေသခံများကပြောသည်။ယခုရက်ပိုင်းအတွင်း အမရပူရ၊ စဉ့်ကိုင်၊ ကျောက်ဆည်စသည့်မန္တလေးအနီးဝန်းကျင်ဒေသများမှ မုန်လာဥများလက်လီ၊ လက္ကားဈေးကွက်အတွင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။လက်ရှိအချိန်တွင် လက္ကားဈေးကွက်အတွင်း မုန်လာဥတစ်စည်းလျှင်ငွေကျပ် ၈၀၀ မှ ၁,၀၀၀ ကြားသာရှိပြီး လက်လီအနေဖြင့် တစ်စည်းလျှင်ငွေကျပ် ၁,၅၀၀ ဝန်းကျင်ဖြင့်ရောင်းချနေခြင်းဖြစ်ကြောင်းဒေသခံများကဆိုသည်။ထို့ပြင်ရန်ကုန် - မန္တလေးလမ်းပေါ်တွင်လည်း ကားလမ်းအနီးမှကျေးရွာများကထွက်ရှိသည့် မုန်လာဥများကို တစ်စည်းလျှင်ငွေကျပ် ၁,၀၀၀ ကျပ်ဝန်းကျင်ဖြင့်ခင်းကျင်းရောင်းချနေမှုများကိုလည်းတွေ့မြင်ရသည်

news-view-count-icon

23