ပြည်တွင်း၊ ပြည်ပ က အဆင့်မြင့် ပညာရေးတက္ကသိုလ်တွေမှာ တက်ရောက်နေကြတဲ့ ကရင်နီလူငယ်တွေ စုပေါင်းပြီး ပညာရေးကို ရှေ့ဆက်လျှောက်လှမ်းချင်တဲ့ လူငယ်တွေအတွက် Karenni University Education Fair ဆိုတဲ့ အစီအစဉ်တရပ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။အဆင့်မြင့် ပညာရေးလမ်းကြောင်းပေါ်ကို ဆက်လက်လျှောက်လှမ်းချင်တဲ့ ကရင်နီ လူငယ်တွေကို အချင်းချင်းဆွဲခေါ်လိုပြီး ပညာတတ်တဲ့ ကရင်နီလူငယ်တွေ ပေါ်ပေါက်လာဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်းဖြစ်တဲ့ ဦးဆောင်ပါဝင်တဲ့ လူငယ်တဦးက အခုလို ပြောပါတယ်။ အဆင့်မြင့် ပညာရေး တက္ကသိုလ်တွေမှာတက်ရောက်နေကြတဲ့ ကရင်နီလူငယ် (၁၇) ဦးက သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ပြန်လည် မျှဝေပေးခဲ့တာ ဖြစ်ပြီး ထိုင်းကရင်နီနယ်စပ် (၃) နေရာမှာ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
Dec 23 • 3:40 AM
မြန်မာ
ကယား
မျှဝေမည်
| 28 | 0 | 0 | 0 |


