back

ဝုဖ်ဘတ်အသင်းက နည်းပြ ဒါနီရယ် ဘောင်ဝါအား စာချုပ်သက်တမ်းတိုး

Dec 23 • 3:38 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဝုဖ်ဘတ်အသင်းက နည်းပြ ဒါနီရယ် ဘောင်ဝါအား စာချုပ်သက်တမ်းတိုး

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဝုဖ်ဘတ်အသင်းက ဒါနီရယ် ဘောင်ဝါအား အသင်း၌ ရေရှည်ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အမြဲတမ်းနည်းပြအဖြစ် အတည်ပြုခန့်အပ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်က ...

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဝုဖ်ဘတ်အသင်းက ဒါနီရယ် ဘောင်ဝါအား အသင်း၌ ရေရှည်ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အမြဲတမ်းနည်းပြအဖြစ် အတည်ပြုခန့်အပ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်က ကြေညာခဲ့သည်။ ၎င်းအနေဖြင့် ဝုဖ်ဘတ်အသင်း၌ မတည်ငြိမ်သော ကာလတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် အသင်းဘက်က ၎င်းအား ရေရှည်ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်အတွက် ဘွန်ဒက်စ်လီဂါ နောက်ဆုံးပွဲစဉ်ဖြစ်သော ဖရိုင်းဘတ်အသင်းနှင့် ပွဲစဉ်မစတင်မီ အသင်းဘက်က ယင်းဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ထုတ်ပယ်ခံခဲ့ရသည့် နည်းပြ ပေါလ် ဆီမိုနစ်စ်၏နေရာတွင် အစားထိုးတာဝန်ယူခဲ့သည့် အဆိုပါ အသက် ၄၃ နှစ်အရွယ် နည်းပြမှာ ၂၀၂၇ ခုနှစ် ဇွန် ၃၀ ရက်အထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု အသင်းဘက်က ပြောသည်။

news-view-count-icon

36