တရုတ်နိုင်ငံတွင် ဆောင်းရာသီဝင်လာသည်နှင့်အမျှ ငန်းဖြူအမြောက်အမြားသည် တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်၊ ဆန်းမန်ရှာမြို့ရှိ မြစ်ဝါမြစ် စိမ့်မြေအရပ်သို့ လာရောက်ကာ ကျက်စားလျက် ဆောင်းခိုကြသည်။ မကြာသေးမီနှစ်များတွင် အဆိုပါဒေသသည် မြစ်ဝါမြစ်ကမ်းတစ်လျှောက်ရှိ စိမ့်မြေအရပ်ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းကို အဆက်မပြတ် အားကောင်းစေခဲ့သည်နှင့်အမျှ ငန်းဖြူအရေအတွက်မှာ နှစ်စဉ်တိုးပွားလာခဲ့သည်။ လက်ရှိတွင် ဆန်းမန်ရှာမြို့ရှိ မြစ်ဝါမြစ်ကမ်းတွင် တရုတ်မူ ၄၀၀,၀၀၀ ကျော်ရှိသော သောင်ပြင်စိမ့်မြေအရပ်၌ ငန်းဖြူ တစ်သောင်းကျော်ကို ဆွဲဆောင်နိုင်ခဲ့သည်။ 
Dec 23 • 3:38 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


