back

ရခိုင်သို့ ဆောင်းခိုငှက်ဝင်ရောက်မှုနည်းပါးလာ

Dec 23 • 3:36 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်သို့ ဆောင်းခိုငှက်ဝင်ရောက်မှုနည်းပါးလာ

ဆောင်းရာသီအတွင်း ရခိုင်ပြည်သို့ ဆောင်းခိုငှက်များ ဝင်ရောက်ကျက်စားမှုသည် တစ်နှစ်ထက်တစ်နှစ် တဖြည်းဖြည်းနည်းပါးလာနေကြောင်း ဒေသခံများနှင့် သဘာပတ်ဝန်းကျင်အရေး စောင့်...

ဆောင်းရာသီအတွင်း ရခိုင်ပြည်သို့ ဆောင်းခိုငှက်များ ဝင်ရောက်ကျက်စားမှုသည် တစ်နှစ်ထက်တစ်နှစ် တဖြည်းဖြည်းနည်းပါးလာနေကြောင်း ဒေသခံများနှင့် သဘာပတ်ဝန်းကျင်အရေး စောင့်ကြည့်နေသူများထံမှ သိရသည်။ဆောင်းခိုငှက်များသည် နှစ်စဉ်အောက်တိုဘာ၊ နိုဝင်ဘာလများ၌ ရခိုင်ပြည်သို့ ဝင်ရောက်လေ့ရှိပြီး ရသေ့တောင်မြို့နယ်၊ နံ့သာကျွန်းနှင့် မယူမြစ်တစ်လျှောက် ရေဝပ်နေရာများအပြင် ရခိုင်ကမ်းရိုးတန်းဒေသအနှံ့ ကျင်လည်ကျက်စားလေ့ရှိကြသည်။ ယခင်က အစုလိုက်တွေ့ရသောမျိုးစိတ်များကို ယခုနှစ်များတွင် ဆယ်ကောင်တစ်စုလောက်သာတွေ့ရကြောင်း ဒေသခံများက ပြောသည်။နှစ်စဉ် ရခိုင်သို့ ဝင်ရောက်လေ့ရှိသော ဆောင်းခိုငှက်မျိုးစိတ်များမှာ ရေညှောင်ငှက်မျိုးစိတ်ဖြစ်သော ရေညှောင်နှုတ်သီးဝိုင်းငှက် အပါအဝင် ၊ Dowitcher ငှက်မျိုးစိတ်များ၊ ရေဘဲမျိုးစိတ်များ၊ Greenshark မျိုးစိတ်များ ရောက်လေ့ရှိသည်။ ၎င်းအပြင် ဆောင်းခိုငှက်များတွင်သာမက ဗျိုုင်းငှက်များလည်းရှားပါးလာနေကြောင်းကို မောင်တောမြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။

news-view-count-icon

17