back

ပြည်တွင်း၌ပြင်ဆင်၊ ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ယနေ့မှစ၍ ကပ်ထားမယ်

Dec 23 • 3:22 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ပြင်ဆင်၊ ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ယနေ့မှစ၍ ကပ်ထားမယ်

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများကို (ဒုတိယ)အကြိမ်အဖြစ် ၁၄ ရက် ကပ်ထား ကြေညာခဲ့ပ...

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများကို (ဒုတိယ)အကြိမ်အဖြစ် ၁၄ ရက် ကပ်ထား ကြေညာခဲ့ပြီးဖြစ်ကာ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြင်ဆင်၊ ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် ကပ်ထားကြေညာမှာဖြစ်တယ်လို့ ဒီဇင်ဘာ ၂၂ ရက်နေ့ ညပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ထုတ်ပြန်ထားပါတယ်။ရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ်များအတွက် ဒီဇင်ဘာ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ သက်ဆိုင် ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် လည်းကောင်း၊ ဒီဇင်ဘာ ၂၆ ရက်နေ့မှ ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်နေ့ မဲပေးခြင်းပြီးဆုံးသည့်အချိန်အထိ သက်ဆိုင်ရာမဲရုံများတွင် လည်းကောင်း ကပ်ထားကြေညာမယ်လို့ သိရပါတယ်။ထို့အပြင် ရွေးကောက်ပွဲအပိုင်း(၁)တွင်ပါဝင်သည့် မြို့နယ် ၁၀၂ မြို့နယ်မှအပ ကျန်မြို့နယ်များ (ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ကြေညာထားသည့် ( ၅၆ ) မြို့နယ်မပါ) တွင် ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာမယ်လို့လည်း UEC မှ ထုတ်ပြန်ထားပါတယ်။ယင်းအတွက်ကြောင့် မဲဆန္ဒရှင်များအနေဖြင့် မိမိမဲစာရင်းအမှတ်စဉ်များ သိရှိမှတ်သားထားပါက ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံ၌ မဲစာရင်း စိစစ်လက်မှတ်ရေးထိုးချိန်တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မှာဖြစ်လို့ မဲစာရင်းလာရောက်ကြည့်ရှု၍ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ပူးပေါင်း ကူညီဆောင်ရွက်ရန်လည်း UEC မှ အသိပေးကြေညာထားပါတယ်။

news-view-count-icon

30