back

မြန်မာနိုင်ငံတွင် တုတ်ကွေးK-ရောဂါပိုး မတွေ့သေးဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်

Dec 23 • 3:16 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံတွင် တုတ်ကွေးK-ရောဂါပိုး မတွေ့သေးဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်

တရုတ်နဲ့ကမ္ဘာ့နိုင်ငံ(၃၄)နိုင်ငံမှာ တွေ့ရှိရတဲ့ ရာသီတုတ်ကွေးအမျိုးအစားတစ်မျိုးဖြစ်တဲ့ Influenza A H3N2 Subclade K ရောဂါပိုးဟာ မြန်မာနိုင်ငံမှာ မတွေ့သေးဘူးလို့...

တရုတ်နဲ့ကမ္ဘာ့နိုင်ငံ(၃၄)နိုင်ငံမှာ တွေ့ရှိရတဲ့ ရာသီတုတ်ကွေးအမျိုးအစားတစ်မျိုးဖြစ်တဲ့ Influenza A H3N2 Subclade K ရောဂါပိုးဟာ မြန်မာနိုင်ငံမှာ မတွေ့သေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။အဲဒီ့ရောဂါပိုးရှိမရှိ ဓာတ်ခွဲစမ်းသပ်ခဲ့ပေမယ့် မတွေ့ရသေးကြောင်းနဲ့ လူထုအတွင်း Influenza A H3N2ရောဂါပိုးကို ခုခံနိုင်မယ့် ကိုယ်ခံအားအသင့်အတင့်ရှိနေကြောင်း၊လက်ရှိအသုံးပြုနေတဲ့ တုတ်ကွေးကာကွယ်ဆေးနဲ့ကုသဆေးတွေနဲ့လည်း ကာကွယ်ကုသနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ရာသီတုတ်ကွေးရောဂါပိုးဟာ က‌လေးငယ်၊သက်ကြီးရွယ်အို၊ကိုယ်ခံအားကျသူ၊ရောဂါအခံရှိသူ၊ကိုယ်ဝန်ဆောင်တွေမှာ ပိုမိုပြင်းထန်စွာခံစားရနိုင်လို့ ရောဂါကာကွယ်ရေးတွေဖြစ်တဲ့ လက်ဆေးတာ၊ခပ်ခွာခွာနေတာ၊ နှာခေါင်းစည်းစည်းတာတွေ ဆောင်ရွက်ကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။



news-view-count-icon

60