အခုရက်ပိုင်းညပိုင်းပိုအေးလာမယ့် ဒေသတွေကတော့ ရန်ကုန်၊မန္တလေးနဲ့ဒေသ(၇)ခုရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။နောက် ၂ ရက်အတွက်ခန့်မှန်းချက်အဖြစ်ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်တယ်လို့ဆိုပါတယ်။
နေပြည်တော်နဲ့ မကွေးတိုင်းဒေသကြီးတို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းဖို့ရှိတယ်လို့ သိရပါတယ်။



