အင်ဒိုနီးရှားတွင် ဘတ်စကားတစ်စီးသည် ဒီဇင်ဘာ ၂၂ ရက်နံနက်အစောပိုင်းက အဝေးပြေး လမ်းမကြီး တစ်ခုပေါ်ရှိ အတားအဆီးတစ်ခုကို ဝင်တိုက်ခဲ့ရာ အနည်းဆုံးလူ ၁၆ ဦး သေဆုံးခဲ့ကြောင်း ကယ် ဆယ်ရေးသမားများက ပြောသည်။အရှိန်ဖြင့်မောင်းနှင်နေခဲ့မြို့တော် ဂျကာတာမှ ယော့ဂျာကာတာသို့ ဦးတည်မောင်းနှင်နေသော ဘတ်စကားသည် အဝေးပြေးလမ်းမကြီး လမ်းဆုံကွေ့တစ်ခုသို့ရောက်ရှိချိန်တွင် အရှိန်ဖြင့် မောင်းနှင်နေခဲ့ကြောင်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအေဂျင်စီအကြီး အကဲဘူဒီယိုနိုက ကြေညာချက်တစ်စောင်တွင် ပြောသည်။ထို့နောက် လမ်းအတားအဆီးနှင့် တိုက်မိပြီးနောက် ဘတ်စကားတိမ်းမှောက်သွားခဲ့ပြီး လူ ၃၄ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟုဆိုသည်။ လူ ၁၅ ဦးသည်အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးကြောင်း၊ အခြားတစ်ဦးမှာ ဆေးရုံတွင်သေဆုံးသွားခဲ့သည်ဒဏ်ရာရရှိသူ အများအပြားကို ဆေးကုသမှုခံယူရန် ဆီမာရန်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အရှေ့တောင်အာရှကျွန်းနိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင်သယ်ယူပို့ဆောင်ရေး မတော်တဆမှုများ အဖြစ်များပြီး ယာဉ်များဟောင်းနွမ်းခြင်း၊ လမ်းများ ပြုပြင်ထိန်းသိမ်းမှုညံ့ဖျင်းခြင်းနှင့် လမ်းစည်းကမ်းများကိုချိုးဖောက်ခြင်းများမှာ အဓိကအကြာင်းတရားများ ဖြစ်သည်။



