ရခိုင်ဒေသတွင် စီးပွားဖြစ်အများဆုံးစိုက်ပျိုးကြသည့် ဆောာင်းသီးနှံလုပ်ငန်းတွင် မြေပဲမျိုးစေ့ရှားပါးနေပြီး ဝယ်ယူရ အခက်အခဲများကြောင့် ယခုနှစ် မြေပဲစိုက်ပျိုးဧက သိသိသာသာ လျော့ကျလာနေကြောင်း ဒေသခံတောင်သူများက ပြောသည်။ရခိုင်ဒေသ ဆောင်းသီးနှံများဈေးကွက်ထဲတွင် မြေပဲဈေးကွက်မှာ တောင်သူများအတွက် တွက်ခြေအကိုက်ဆုံးဖြစ်သော်လည်း မျိုးစေ့ရှားပါးမှုကြောင့် တိုးချဲ့စိုက်ပျိုးရန် အခက်အခဲဖြစ်နေရခြင်းဟုဆိုသည်။“မြေပဲစိုက်ချင်တယ်။ ဒါပေမဲ့ မျိုးစေ့မရလို့ မစိုက်ရဘူး။ ကျနော့်လိုပဲ မျိုးမရလို့ မစိုက်ရတဲ့ တောင်သူတွေ ကျနော်တို့ ရွာမှာရော၊ ဒီနားကျေးရွာတဝိုက်မှာပါ အများကြီးပဲ” ဟု ကျောက်တော်မြို့နယ် အင်ဘာရီကျေးရွာမှ တောင်သူ ဦးကျော်ကျော်စိုးက ပြောသည်။ရခိုင်ဒေသတွင် မြေပဲကို အဓိက စားသုံးဆီထုတ်လုပ်ကြခြင်းဖြစ်ပြီး ယခင်နှစ်များက တစ်ဧကစိုက်ပျိုးလျင် ငွေ ကျပ် ၃၅ သိန်းခန့် ရရှိခဲ့ကာ သွင်းအားစုစရိတ်နုတ်အပြီး တောင်သူများအတွက် ၁၅ ငါးသိန်းခန့် အမြတ်ကျန်ကြောင်း သိရသည်။ 
| 22 | 0 | 0 | 0 |


