၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ကာတွန်းရုပ်ရှင်ကဏ္ဍမှ စုစုပေါင်းရုံဝင်ငွေမှာ ယွမ် ၂၅ ဘီလီယံကျော်အထိ ရရှိခဲ့ပြီး တရုတ်ရုပ်ရှင်သမိုင်းတွင် ကာတွန်းကားများအတွက် ဝင်ငွေအကောင်းဆုံးနှစ် ဖြစ်လာကြောင်း အွန်လိုင်းအချက်အလက်များအရ သိရသည်။ ဝင်ငွေအကောင်းဆုံးစာရင်း၏ ရှေ့တန်းနေရာ ၃ နေရာတွင် "Nezha 2"၊ "Zootopia 2" နှင့် "Nobody" တို့က အသီးသီး ရပ်တည်နေကြသည်။ အထူးသဖြင့် အမေရိကန်ကာတွန်းရုပ်ရှင် "Zootopia 2" သည် ကမ္ဘာတစ်ဝန်း Box Office ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့ရာတွင် ဝင်ငွေတစ်ဝက်နီးပါးမှာ တရုတ်ဈေးကွက်မှ ရရှိခဲ့ခြင်းဖြစ်ပြီး၊ မြောက်အမေရိကဈေးကွက်ထက်ပင် ကျော်လွန်ကာ ကမ္ဘာ့ပထမနေရာ၌ ယာယီရပ်တည်နေကြောင်း သိရသည်။
Dec 23 • 2:15 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


