မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၈၀ ဦးအပါ နိုင်ငံခြားသား ၁၁၅ ဦး ကို မှုရင်းနိုင်ငံများသို့ ဒီဇင်ဘာလ တတိယပတ်အတွင်း ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM)က ယမန်နေ့ထုတ်ပြန်သည်။ ၎င်းတို့တွင် မြန်မာနိုင်ငံသား ၈၀ ဦး ၊ အင်ဒိုနီးရှားနိုင်ငံသား ၁၁ ဦး ၊ အိန္ဒိယနိုင်ငံသား ၁၀ ဦး ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦး ၊ ပါကစ္စတန်နိုင်ငံသား ၃ ဦး ၊ နီပေါနိုင်ငံသား ၂ ဦး ၊ ထိုင်းနိုင်ငံသား ၁ ဦး နှင့် တရုတ်နိုင်ငံသား ၁ ဦး တို့ပါဝင်သည်။ ပြန်လည်ပို့ဆောင်ခံရသူအားလုံးကို လူဝင်မှုကြီးကြပ်ရေးဌာန၏ စနစ်အတွင်း အမည်ပျက်စာရင်း (Blacklist) သွင်းထားပြီး သတ်မှတ်ထားသော ကာလအတွင်း မည်သည့်အကြောင်းပြချက်နှင့်မျှ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။ 
Dec 23 • 2:28 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


