စပါးအသင်းနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ်၏ ဒဏ်ရာမှာ ခြေထောက်ကျိုးသွားခြင်း ဖြစ်နိုင်ကြောင်း Sky Sports က သုံးသပ်ဖော်ပြခဲ့သည်။ နယူးကာဆယ်မှ ပေါင် ၁၂၅ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ၁၆ ပွဲတွင် ၃ ဂိုးသာ သွင်းယူထားနိုင်သေးသည့် အီဆက်ခ်သည် စပါးနောက်ခံလူ ဗန်ဒီဗန်၏ ဖျက်ထုတ်မှုကြောင့် ယခုကဲ့သို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ကာလရှည်အနားယူရဖွယ် ရှိနေသည်။ ထို့ကြောင့် လီဗာပူးလ်အသင်းသည် ၎င်း၏နေရာတွင် အစားထိုးရန်အတွက် ဘုန်းမောက်အသင်းမှ ဂါနာတောင်ပံကစားသမား ဆယ်မင်ညိုကို ခေါ်ယူရန် ပြန်လည်ကြိုးပမ်းလာနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
Dec 23 • 2:14 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 36 | 0 | 0 | 0 |


