ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့ရှိ မောမြေဦးပန်းခြံတွင် ပထမဆုံးအကြိမ်အဖြစ် ပန်းပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပွဲတော်တွင် နိုင်ငံခြားဖြစ် ပန်းမျိုးစိတ်များနှင့် ဒေသထွက် ပန်းမျိုးစုံ၊ သစ်ခွဥယျာဉ်များကို ခင်းကျင်းပြသသွားမည်ဖြစ်ပြီး၊ လာရောက်လည်ပတ်သူများအတွက် အလှဓာတ်ပုံရိုက်ကူးရန် နေရာများ၊ ကစားကွင်းများနှင့် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်သည့် အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။ ပွဲတော်ကို ပြည်သူများ စိတ်အေးချမ်းသာစွာ လည်ပတ်နိုင်ရန် ဝင်ကြေးအခမဲ့ သတ်မှတ်ထားကြောင်း သိရသည်။
Dec 23 • 2:00 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 21 | 0 | 0 | 0 |


