back

လာမယ့်နှစ်မှာလည်း ရွှေ့ပြောင်းနေထိုင်သူတွေကို ဆက်လက် နှိမ်နှင်းသွားမယ်လို့အမေရိကန်သမ္မတ ထရန့် ပြော

Dec 23 • 1:55 AM

breaking-news

မြန်မာ

ပြည်ပ

cover

လာမယ့်နှစ်မှာလည်း ရွှေ့ပြောင်းနေထိုင်သူတွေကို ဆက်လက် နှိမ်နှင်းသွားမယ်လို့အမေရိကန်သမ္မတ ထရန့် ပြော

လာမယ့်နှစ် ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲအတွက် ဖိအားတွေ ရှိနေပေမယ့် အလုပ်နေရာတွေကို စီးနင်းမှုတွေ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူများ စီးနင်းမှုတွေကို အရှိန်မ...

လာမယ့်နှစ် ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲအတွက် ဖိအားတွေ ရှိနေပေမယ့် အလုပ်နေရာတွေကို စီးနင်းမှုတွေ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူများ စီးနင်းမှုတွေကို အရှိန်မြှင့် ပြုလုပ်သွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားပြီး ရန်ပုံငွေ ဘီလီယံနဲ့ချီ သုံးစွဲဖို့ ပြင်ဆင်ထားပါတယ်။

အမေရိကန်ရဲ့ အဓိက မြို့ကြီးတွေမှာ ထရန့်ရဲ့ ရွှေ့ပြောင်းနေထိုင်မှု နှိမ်နှင်းတာကြောင့် ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားနေပြီး နိုင်ငံတဝှမ်း ဘုရင်အလိုမရှိဆိုတဲ့ ထရန့် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။အခုနှစ်အတွင်း ဖက်ဒရယ် အေးဂျင့်တွေက အထင်ကရ နေရာတွေကို စီးနင်းမှုတွေ ရှိပေမယ့် စိုက်ခင်းတွေ စက်ရုံတွေနဲ့ အထေက်အထား စာရွက်စာတမ်း မရှိတဲ့ အလုပ်သမားတွေကို အဓိက အားကိုးနေရတဲ့ လုပ်ငန်းတွေကိုတော့ စီးနင်း ရှာဖွေ ဖမ်းဆီးတာမျိုး မတွေ့ရသေးပါဘူး။ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နှင်းရေး အဓိက တာဝန်ခံထားတဲ့ ဌာန ICE နဲ့ နယ်စပ် ကင်းလှည့်ရေးဌာနတို့ အတွက် ၂၀၂၉ ခုနှစ်အထိ ရန်ပုံငေံ ဒေါ်လာ ဘီလီယံ ၂၇၀ ရရှိထားပြီး ဖြစ်ပါတယ်။နိုင်ငံတွင်းရှိ အထောက်အထား စာရွက်စာတမ်း မရှိသူတွေကို ဆက်လက် ပစ်မှတ်ထားမှာ ဖြစ်ပြီး ထိန်းသမ်းရေး စင်တာတွေ ထပ်မံ ဖွင့်လှစ်မှာ ဖြစ်သလို လိုအပ်တဲ့ ဝန်ထမ်း အင်အားကို ဖြည့်တင်းသွားမှာ ဖြစ်ကြောင်း သက်ဆိုင်ရာဌာနတွေက ပြောထားပါတယ်။လသာမယ့်နှစ် သက်တမ်းဝက် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပေမယ့် ရွှေ့ပြောင်းနေထိုင်သူတ္ပေကို တိုးမြှင့် ချေမှုန်းမှုတွေကို ထရန့် အစိုးရက ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။




news-view-count-icon

25