၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) အတွက် မွန်ပြည်နယ် တစ်ပြည်နယ်လုံးတွင် မဲရုံပေါင်း ၆၅၆ ရုံ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။ အပိုင်း (၁) အတွက် မဲရုံ ၃၃၅ ရုံနှင့် အပိုင်း (၂) အတွက် မဲရုံ ၃၂၁ ရုံ ခွဲခြားသတ်မှတ်ထားပြီး၊ အပိုင်း (၁) တွင် ပါဝင်သော မော်လမြိုင်မြို့နယ်၌ မဲရုံ ၁၁၇ ရုံနှင့် သံဖြူဇရပ်မြို့နယ်၌ မဲရုံ ၅၅ ရုံ အသီးသီး ဖွင့်လှစ်သွားမည်ဖြစ်သည်။ မော်လမြိုင်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၂ အုပ်စုရှိပြီး သံဖြူဇရပ်မြို့နယ်တွင် ၄၁ အုပ်စု ရှိကြောင်းလည်း သိရသည်။
Dec 23 • 1:32 AM
မြန်မာ
မွန်
မျှဝေမည်
| 38 | 0 | 0 | 0 |


