back

ကျိုက်ထီးရိုးစေတီတော်တွင် ရပ်ဝေးဘုရားဖူးများဖြင့် ပြန်လည်စည်ကားလျက်ရှိ

Dec 23 • 2:04 AM

breaking-news

မြန်မာ

မွန်

cover

ကျိုက်ထီးရိုးစေတီတော်တွင် ရပ်ဝေးဘုရားဖူးများဖြင့် ပြန်လည်စည်ကားလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကမ္ဘာကျော်တန်ခိုးကြီး ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတွင် ယခုရက်ပိုင်းအတွင်း နယ်ဝေးအရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးဧည့်သည်များဖြ...

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကမ္ဘာကျော်တန်ခိုးကြီး ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတွင် ယခုရက်ပိုင်းအတွင်း နယ်ဝေးအရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးဧည့်သည်များဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ ဆောင်းရာသီကာလ ရုံးပိတ်ရက်များနှင့် တိုက်ဆိုင်နေသဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးမိသားစုများ၊ အသင်းအဖွဲ့များမှာ တောင်တက်ကားများဖြင့် လည်းကောင်း၊ ခြေကျင်လမ်းဟောင်းမှလည်းကောင်း တဖွဲဖွဲလာရောက်လျက်ရှိကြသည်။ စေတီတော်ရင်ပြင်နှင့် ပတ်ဝန်းကျင်ရှိ တည်းခိုခန်းများ၊ ဈေးဆိုင်တန်းများတွင်လည်း ဘုရားဖူးများဖြင့် ပြန်လည်အသက်ဝင်လာပြီး တောင်ပေါ်ဒေသ၏ အေးချမ်းသည့် ရာသီဥတုကို ခံစားရင်း ကုသိုလ်ယူသူများပြားနေခြင်းကြောင့် ဒေသတွင်းခရီးသွားလုပ်ငန်းများလည်း ပိုမိုသွက်လက်လာကြောင်း သိရှိရပါသည်။

news-view-count-icon

65