back

တနင်္သာရီတိုင်း၊မောတောင်မြို့ဝန်းကျင်တွင် ကွမ်းသီးဝယ်သူမရှိသဖြင့် တောင်သူများ အခက်ကြုံ

Dec 23 • 1:17 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၊မောတောင်မြို့ဝန်းကျင်တွင် ကွမ်းသီးဝယ်သူမရှိသဖြင့် တောင်သူများ အခက်ကြုံ

တနင်္သာရီမြို့နယ်၊ မောတောင်မြို့ဝန်းကျင်တွင် ကွမ်းသီးဝယ်ယူမည့်သူမရှိသဖြင့် ဝင်ငွေမရရှိသောကြောင့် အခက်အခဲ ကြုံရကြောင်း ဒေသခံများကပြောသည်။နယ်မြေ ပဋိပက္ခများကြောင့...

တနင်္သာရီမြို့နယ်၊ မောတောင်မြို့ဝန်းကျင်တွင် ကွမ်းသီးဝယ်ယူမည့်သူမရှိသဖြင့် ဝင်ငွေမရရှိသောကြောင့် အခက်အခဲ ကြုံရကြောင်း ဒေသခံများကပြောသည်။နယ်မြေ ပဋိပက္ခများကြောင့် ကားလမ်းများ သွားလာ၍ မရသဖြင့် မောတောင်နှင့်အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ရွာတွင် ဥယျာဉ်ခြံများတွင် ကွမ်းသီးများ ခူးသော်လည်း ဝယ်သူမရှိကြောင်း သဲဖြူရွာဝန်းကျင်ရှိ နေရပ်စွန့်ခွာရသူများအရေး ကူညီနေသူတစ်ဦးက ပြောသည်။ ကွမ်းသီးများကို နှစ်ခြမ်းခွဲ၍ အခြောက်လှန်းသူရှိသလို အလုံးလိုက် အခြောက်လှန်း၍ သိုထားသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။ သဲဖြူရွာ၊ အမှတ်၉ရွာ၊ အမှတ်၈ရွာနှင့် အနီးဝန်းကျင်ရှိ ရွာများရှိ ဥယျာဥ်ခြံများတွင် ကွမ်းသီးပင်ကို အဓိက စိုက်ပျိုးကြကြောင်း ဒေသခံများထံမှ သိရသည်။

news-view-count-icon

24