မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်ရှိ ၃၅ လမ်း၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားတွင် ဒီဇင်ဘာလ ၂၅ ရက် ယနေ့နံနက် ၇ နာရီခွဲခန့်က ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုမှာ နေအိမ်အတွင်းရှိ Studio အခန်းအတွင်း ဝါယာရှော့ဖြစ်ရာမှ အသံလုံဖော့များကို မီးကူးစက်ခဲ့ခြင်းဖြစ်ပြီး၊ သတင်းရရှိသည်နှင့်တစ်ပြိုင်နက် နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်များဖြင့် အချိန်မီလာရောက်ငြှိမ်းသတ်ခဲ့သဖြင့် ၁၀ မိနစ်ခန့်အကြာတွင် မီးအရှိန်ထိန်းနိုင်ကာ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။



