ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်မှ ၂၁ ရက်အတွင်း ထိုင်းအရပ်သား ၃၄ ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၂၁၃,၀၇၂ ဦးအထိ ရှိလာကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သေဆုံးသူများအနက် ၁ ဦးမှာ တိုက်ရိုက်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ကျန် ၃၃ ဦးမှာ စစ်ပွဲနှင့်ဆက်နွှယ်သည့် သွယ်ဝိုက်သောအကြောင်းရင်းများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကာ ဒဏ်ရာရရှိသူ အရပ်သား ၆ ဦးရှိကြောင်း သိရသည်။ လက်ရှိတွင် စစ်ဘေးရှောင်များအတွက် ကယ်ဆယ်ရေးစခန်း ၈၈၉ ခု ဖွင့်လှစ်ပေးထားရသည့်အပြင် တိုက်ပွဲများကြောင့် ခရိုင်အဆင့်ဆေးရုံ ၂၀ နှင့် တိုက်နယ်ဆေးရုံ ၁၉၉ ခုတို့တွင်လည်း ထိခိုက်မှုများရှိနေကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
Dec 23 • 1:18 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


