back

ခရက်ဒစ်ကတ်အငြင်းပွားမှုများတွင် ဘဏ်ကသာ သက်သေပြရန် ထိုင်းတရားရုံးချုပ် အမိန့်ချမှတ်

Dec 23 • 1:14 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ခရက်ဒစ်ကတ်အငြင်းပွားမှုများတွင် ဘဏ်ကသာ သက်သေပြရန် ထိုင်းတရားရုံးချုပ် အမိန့်ချမှတ်

ထိုင်းနိုင်ငံတရားရုံးချုပ်က ခရက်ဒစ်ကတ် (Credit Card) အသုံးပြုမှုနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်လာပါက သုံးစွဲသူဘက်မှ သက်သေပြရန်မလိုဘဲ ဘဏ်ဘက်ကသာ မည်သူ...

ထိုင်းနိုင်ငံတရားရုံးချုပ်က ခရက်ဒစ်ကတ် (Credit Card) အသုံးပြုမှုနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်လာပါက သုံးစွဲသူဘက်မှ သက်သေပြရန်မလိုဘဲ ဘဏ်ဘက်ကသာ မည်သူအသုံးပြုခဲ့သည်ကို ခိုင်လုံစွာသက်သေပြရမည်ဟု အရေးကြီးသော အမိန့်တစ်ရပ် ချမှတ်လိုက်သည်။ ဘဏ်တစ်ခုက ၎င်း၏ဖောက်သည်အား ကတ်အသုံးပြုခပြန်ဆပ်ရန် တရားစွဲဆိုမှုကို တရားရုံးက ပယ်ချခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါကတ်မှာ Hackခံရခြင်း သို့မဟုတ် ပုံတူကူးခံရခြင်းဖြစ်နိုင်ကာ ဘဏ်အနေဖြင့် အကျိုးအမြတ်ရယူနေသည့် စနစ်ဖြစ်၍ လိမ်လည်မှုများအတွက် တာဝန်ယူစိစစ်ရန် တာဝန်ရှိသည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဤဆုံးဖြတ်ချက်သည် ဆိုင်ဘာလိမ်လည်မှုများ များပြားနေသည့်အချိန်တွင် သုံးစွဲသူများအတွက် ဥပဒေအရ အကာအကွယ်ပိုရလာစေသည့်အပြင် ဘဏ်များအနေဖြင့်လည်း လုံခြုံရေးစနစ်များကို ပိုမိုမြှင့်တင်ရန် လိုအပ်လာပြီဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ထားကြသည်။

news-view-count-icon

18