PSG အသင်းသည် ၂၀၂၅ ခုနှစ်အတွင်း ဆုဖလား ၆ လုံးအထိ ရယူပေးကာ သမိုင်းဝင်စွမ်းဆောင်မှုများ ပြုလုပ်ခဲ့သည့် နည်းပြ လူးဝစ်အန်နရီကေးကို ၎င်းဆန္ဒရှိသလောက် အသင်းတွင် ဆက်ရှိနေနိုင်မည့် တစ်သက်တာစာချုပ်ဖြင့် သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။ အန်နရီကေးသည် ၂၀၀၉ ခုနှစ်က ဂွါဒီယိုလာနှင့် ၂၀၂၀ ခုနှစ်က ဟန်ဆီဖလစ်ခ်တို့ပြီးနောက် တစ်နှစ်အတွင်း ဖလား ၆ လုံး ရယူနိုင်သည့် တတိယမြောက် နည်းပြဖြစ်လာခဲ့ပြီး ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးနည်းပြဆုများကိုပါ ဆွတ်ခူးထားနိုင်သူဖြစ်သည်။ လက်ရှိတွင် ၎င်း၏စာချုပ်မှာ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း အသင်းတာဝန်ရှိသူများက ၎င်း၏ အောင်မြင်မှုများကြောင့် ယခုကဲ့သို့ အထူးစာချုပ်သစ်ဖြင့် ထိန်းသိမ်းရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း စပိန်သတင်းစာ AS က ဖော်ပြထားသည်။
Dec 23 • 1:13 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


