back

ပြည်တွင်း အထည်ချုပ်မှ နှစ်စဉ် ဒေါ်လာ ၅ ဘီလီယံကျော် ဝင်ငွေရနိုင်သော်လည်း ကုန်ကြမ်းအတွက် ဒေါ်လာ ၄ ဘီလီယံခန့် ပြန်သုံးနေရ

Dec 22 • 3:33 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း အထည်ချုပ်မှ နှစ်စဉ် ဒေါ်လာ ၅ ဘီလီယံကျော် ဝင်ငွေရနိုင်သော်လည်း ကုန်ကြမ်းအတွက် ဒေါ်လာ ၄ ဘီလီယံခန့် ပြန်သုံးနေရ

ပြည်တွင်းအထည်ချုပ်လုပ်ငန်းကဏ္ဍကနေ နှစ်စဉ်နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ရရှိနိုင်ပေမယ့် ပြည်ပကနေ ကုန်ကြမ်းတင်သွင်းရခြင်းအတွက် ဒေါ်လာ ၄ ဘီလီယံခန့် ပ...


ပြည်တွင်းအထည်ချုပ်လုပ်ငန်းကဏ္ဍကနေ နှစ်စဉ်နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ရရှိနိုင်ပေမယ့် ပြည်ပကနေ ကုန်ကြမ်းတင်သွင်းရခြင်းအတွက် ဒေါ်လာ ၄ ဘီလီယံခန့် ပြန်လည်သုံးစွဲနေရကြောင်း မြန်မာ-တရုတ် အထည်ချုပ်လုပ်ငန်းရှင်များအသင်း (CTGA) ကနေ သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ အထည်ချုပ်လုပ်ငန်းကို ပြည်ပကနေ ကုန်ကြမ်းသွင်းပြီး ပြည်တွင်းမှာ ပြန်လည်ချုပ်လုပ်တဲ့ CMP လက်ခစားစနစ်နဲ့ ဆောင်ရွက်နေတာပါ။လက်ရှိမှာ ကိုယ်တိုင်ထုတ်လုပ်တင်ပို့တဲ့ အထည်ချုပ်စက်ရုံအရေအတွက်က ၅ ရာခိုင်နှုန်းခန့်ပဲ ရှိပြီး နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ကုန်ကြမ်းထုတ်လုပ်တဲ့ စက်ရုံတွေ တိုးလာဖို့ လိုအပ်တယ်လို့ သိရပါတယ်။ချုပ်ပြီးအထည်တင်ပို့မှုကို လေ့လာကြည့်ရင် ၂၀၂၂ ခုနှစ်မှာ အများဆုံးတင်ပို့နိုင်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာ ၁၄ ရာခိုင်နှုန်းနဲ့ ၂၀၂၄ ခုနှစ်မှာ ၁၁ ရာခိုင်နှုန်း တင်ပို့နိုင်စွမ်း လျော့ကျခဲ့ပါတယ်။



news-view-count-icon

31