back

ပြင်ဦးလွင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Dec 22 • 4:06 PM

breaking-news

မြန်မာ

မန္တလေး

cover

ပြင်ဦးလွင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဒီဇင်ဘာလ ၂၀ ရက်နေ့ ၂၁၀၀ အချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ စည်ကားကျေး...

ဒီဇင်ဘာလ ၂၀ ရက်နေ့ ၂၁၀၀ အချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ စည်ကားကျေးရွာနှင့် ဝါးဘိုးရေကျေးရွာချင်း ဆက်လမ်း၊ သံလမ်းအနီးတွင် လမ်းလျှောက်လာသူ စိုင်းဆာအေး(ခ)ဒေါန အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၇၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၂၃၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းဆာအေး(ခ)ဒေါန(၅၁)နှစ်အား ပြင်စာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရပါသည်။




news-view-count-icon

23