ဧရာဝတီတိုင်း ပုသိမ်မြို့ ပြည်သူဆေးရုံကြီးတွင် အရေးပေါ် oxygen လိုအပ်ပါက ပုသိမ်ဆေးရုံတွင် အလွယ်တကူရရှိရန် ခက်ခဲမှုများရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။အရေးပေါ်ဌာနတွင် Oxygen ကို လိုင်းနှင့်တစ်ခါတည်း ပေးထားတဲ့အတွက် လူနာများ အသက်ရူကြပ် သူများ ရူ၍အဆင်ပြေကြသော်လည်း အဆောင်(၂)ထဲရှိ ပန်းနာရင်ကြပ် အသက်ရူကြပ် ရောဂါသည် လူနာများအတွက် oxygen အိုးဖြင့်သာ ရူခိုင်းတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ပုသိမ်ဆေးရုံအုပ်ကြီး အေးအေးအောင်သည် Oxygen တာဝန်ကျသူများကို အလှည့်ကျ duty ဖြင့် (၂၄)နာရီ မပျက် လုပ်ဆောင်သင့်ပြီး ဆေးရုံ လိုအပ်ချက် ပြုပြင်ရမည့် အရာများကိုလည်း သေချာကြပ် မတ်ဆောင်ရွက်ခြင်း ရှိသင့်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။



