ထိုင်းနိုင်ငံမှာ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးလို့ခေါ်တဲ့ “စဝတ်ဒီကန်ရုံး” ဟာ ထိုင်းနိုင်ငံရှိ ခရိုင်တိုင်း၊ မြို့နယ်တိုင်းမှာ ဖွင့်လှစ်ထားပြီး အလုပ်သမားတွေရဲ့ နစ်နာမှုတွေ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေကို ထိုင်းဥပ ဒေနဲ့အညီ အခမဲ့ ကူညီဆောင်ရွက်ပေးပါတယ်။ အလုပ်ရှင်က မိမိရဲ့ နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းထားတာ၊ လုပ် ခလစာမရှင်းပေးတာ၊ တနင်္ဂနွေရုံးပိတ်မှာ အလုပ်ခိုင်းစေပြီး လုပ်အားခနှစ်ဆ မရှင်းပေးတာ စတဲ့ ပြဿနာတွေကြုံတွေ့လာရင် အဆိုပါ စဝတ်ဒီကန်ရုံးကို သွားရောက်တိုင်ကြားနိုင်ပါတယ်။



