ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ၏ နယ်စပ်ပဋိပက္ခသည် ၁၆ ရက် ဆက်တိုက်ရှိလာပြီဖြစ်ရာ လက်ရှိ အရပ်သား ေ-သဆုံးသူ ၂၀ ဦး အထိ မြင့်တက်လာပြီဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံစစ်တပ်ဘက်က “အရပ်သားနေထိုင်ရာရပ်ကွက်သို့ လက်နက်ခဲယမ်းပစ်ခတ်မှုများကြောင့် ကမ္ဘောဒီးယားအရပ်သား ၂၀ ဦး သေဆုံးပြီး အခြား ၇၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း” ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ပဋိပက္ခကြောင့် လူပေါင်း ၅၂၅,၀၀၀ က ဘေးကင်းလုံခြုံသော ခိုလှုံရာနေရာကို ရှာဖွေရန် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။



