back

ထောင်ကျနေသည့် မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ် နေအိမ်အကျယ်ချုပ်လျှောက်ထားမှု ရှုံးနိမ့်

Dec 22 • 1:29 PM

breaking-news

မလေးရှား

ပြည်တွင်း

cover

ထောင်ကျနေသည့် မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ် နေအိမ်အကျယ်ချုပ်လျှောက်ထားမှု ရှုံးနိမ့်

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က ၎င်းကျခံနေရတဲ့ ထောင်ဒဏ်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲရန် လျှောက်ထားမှု ဒီဇင်ဘာ ၂၂ ရက်မှာ ရှုးနိမ့်ခဲ့ပါတယ်။ အသက် ၇၂ ...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က ၎င်းကျခံနေရတဲ့ ထောင်ဒဏ်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲရန် လျှောက်ထားမှု ဒီဇင်ဘာ ၂၂ ရက်မှာ ရှုးနိမ့်ခဲ့ပါတယ်။ အသက် ၇၂ နှစ်အရွယ်နာဂျစ်ဟာ နိုင်ငံပေါင်းများစွာ ပါဝင်စစ်ဆေးခဲ့ရတဲ့ မလေးရှားနိုင်ငံပိုင်ရန်ပုံငွေအဖွဲ့ (1MDB) မှ ငွေကြေးများကို အလွဲသုံးစားလုပ်မှုနှင့်ဆက်နွယ်တဲ့ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ခြောက်နှစ် ကျခံနေရပါတယ်။ နာဂျစ်ရှေ့နေများက မလေးရှားဘုရင်ဟောင်းရဲ့ တော်ဝင်အမိန့်ဟုခေါ်သော အမိန့်တစ်ရပ်ရှိနေကြောင်းနှင့် ယင်းအမိန့်အရ နာဂျစ်ရဲ့ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကာလကို နေအိမ်မှာ ကျခံခွင့်ပြုထားကြောင်း လျှောက်လဲခဲ့ကြပါတယ်။ သိုသော် တရားသူကြီးက အဆိုပါတော်ဝင်အမိန့်မှာ တရားမဝင်ဟု ဆုံးဖြတ်ခဲ့ပါတယ်။ ၎င်း၏ရှေ့နေက ယခုစီရင်ချက်အပေါ် အယူခံဝင်သွားမည်ဟု သတင်းထောက်များကို ပြောဆိုခဲ့ပါတယ်။


news-view-count-icon

3