back

နမ့်ခမ်းမြို့တွင် အခွန်မဆောင်သည့် ဈေးဆိုင်ခန်းများကို လေလံတင်ရောင်းချမည်ဟု ခြိမ်းခြောက်ခံရ

Dec 22 • 1:01 PM

breaking-news

မြန်မာ

ရှမ်း

cover

နမ့်ခမ်းမြို့တွင် အခွန်မဆောင်သည့် ဈေးဆိုင်ခန်းများကို လေလံတင်ရောင်းချမည်ဟု ခြိမ်းခြောက်ခံရ

ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြီး နမ့်ခမ်းမြို့ပေါ်တွင် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် စသည့် လုပ်ငန်းအမျိုး...

ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြီး နမ့်ခမ်းမြို့ပေါ်တွင် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် စသည့် လုပ်ငန်းအမျိုးမျိုးကို တစ်ဆိုင်လျှင် ကျပ်ငါးသိန်းမှ သိန်း ၅၀ အထိ အခွန်ဌာနမှ ၂၀၂၆ ခုနှစ်အတွက် တစ်နှစ်စာ အခွန်ကြိုတင် ကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောသည်။ ၎င်းနောက်တွင် အခွန်မပေးဆောင်နိုင်သည့် ဈေးသည်များ လအတန်ကြာ ဆိုင်ခန်းပိတ်သိမ်းထားခဲ့ရာ ဒီဇင်ဘာလလယ်ခန့်မှ စတင်၍ နမ့်ခမ်းမြို့မစျးနှင့် အနီးအနား တိုက်ခန်းများရှိ ဈေးပြန်မရောင်းသည့် ဆိုင်ခန်းများကို သိမ်းယူပြီး အခြားသူထံ လေလံတင်ရောင်းချမည်ဟု တာဝန်ရှိသူများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဈေးသည်တစ်ဦးက ပြောသည်။



news-view-count-icon

25