back

တောင်ကြီးမြို့တွင် အသက် ၁၄ နှစ် ကလေးနှစ်ဦး ပရဟိတကျောင်းမှ ထွက်‌ပြေးပြီး ၂ ပတ်ကျော် ကြာပျောက်ဆုံးနေ

Dec 22 • 1:00 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမြို့တွင် အသက် ၁၄ နှစ် ကလေးနှစ်ဦး ပရဟိတကျောင်းမှ ထွက်‌ပြေးပြီး ၂ ပတ်ကျော် ကြာပျောက်ဆုံးနေ

တောင်ကြီးမြို့၊ အေးသာယာ သစ်ပင်ထောင်နားရှိ ပရဟိတ ကျောင်းတစ်ကျောင်းမှ အသက် ၁၄နှစ်အရွယ် ကလေးနှစ်‌‌ဦး ကျောင်းမှ ထွက်ပြေးပြီး နှစ်ပတ် ကျော်ကြာပျောက်ဆုံး နေကြောင်းသိရ...

တောင်ကြီးမြို့၊ အေးသာယာ သစ်ပင်ထောင်နားရှိ ပရဟိတ ကျောင်းတစ်ကျောင်းမှ အသက် ၁၄နှစ်အရွယ် ကလေးနှစ်‌‌ဦး ကျောင်းမှ ထွက်ပြေးပြီး နှစ်ပတ် ကျော်ကြာပျောက်ဆုံး နေကြောင်းသိရပါသည်။ဖြစ်စဉ်မှ ဒီဇင်ဘာလ ၇ ရက်နေ့ တနင်္ဂနွေ နေ့တွင် ပရဟိတကျောင်းမှ ဆရာ၊ ဆရာမများ ဘုရားကျောင်း တက်နေချိန် ကလေးငယ်နှစ်ဦးသည် ထွက်ပြေးသွားပြီး ယနေ့အချိန်ထိ ပျောက်ဆုံးနေကြောင်း မိသားစုထံမှသိရသည်။ယင်း ကလေးငယ်နှစ်ဦးကို အေးသာယာမြို့နယ်ရှိ မိန်းလမ်းတစ်လျှောက်တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်များ၊ ကားကြီးကွင်းနှင့် ကြံခြံ စသည့်နေရာများတွင် မိသားစုများ လိုက်လံမေးမြန်းရှာဖွေခဲ့ကြသော်လည်း ယနေ့အချိန်အထိ မည်သည့် သတင်းအချက်အလက်မှ မရရှိသေးကြောင်း သိရသည်။



news-view-count-icon

31