back

ကလေးမြို့တွင် ငွေကျပ် ၃,၂၆၄.၂၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Dec 22 • 12:01 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ကလေးမြို့တွင် ငွေကျပ် ၃,၂၆၄.၂၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဒီဇင်ဘာလ ၁၇ ရက်နေ့ ၁၆၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလေးမြို့၊ တာဟန်းရပ်...

ဒီဇင်ဘာလ ၁၇ ရက်နေ့ ၁၆၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ ဗန်လားရိုထန်းငါ(ခ)ထန်းသဲ နှင့် မမန်းဟောက်ကိမ် တို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ Tramadol ဆေးတောင့် ၃၁၃,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၂,၁၉၁ သိန်း)၊ စိတ်ပြောင်းဆေးဝါး Alprazolam ဆေးပြား ၇၁၅,၅၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁,၀၇၃.၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဗန်လားရိုထန်းငါ(ခ)ထန်းသဲ(၂၈)နှစ် နှင့် မမန်းဟောက်ကိမ်(၃၁)နှစ်တို့အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရပါသည်။



news-view-count-icon

32