မနေ့က ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာမိတ္ထီလာ မြို့နယ်ထဲက အုံတုံရွာ နဲ့ မြေခြား ရွာမှာ နေထိုင်တဲ့ ကျောင်းဆရာ နှစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရ မှုဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ အသတ်ခံရတဲ့ ကျောင်းဆရာ နှစ်ယောက်မှာ ဂွေးတောက်ကန်ရွာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ဦး ဆိုသူ နဲ့ ကျောင်းဆရာ ဦးသန်းအောင် ဆိုသူတို့ ဖြစ်ကြောင်း သိရှိရပါတယ်။



