မလေးရှားတွင် လက်ကျန် ထောင်ဒဏ်ပြစ်ဒဏ် ကာလကို နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလဲခွင့်ရဖို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇက်ခ်ရဲ့ လျှောက်ထားတောင်းဆိုမှုကို တရားရုံး တစ်ခုက ပယ်ချခဲ့ပါတယ်။မလေးရှား တော်ဝင်မိသားစုက နာဂျစ်ဘ်ရဲ့ ပြစ်ဒဏ်ကို နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလဲဖို့ ခွင့်ပြုခဲ့ပေမယ့် အဲဒီကိစ္စ စာရွက်စာတမ်းတွေရဲ့ တရားဝင်မှုကို မလေးရှား တရားရုံး တစ်ခုက ပယ်ချခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းကတော့ ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်း ကြားနာမှုမှာ တရားရုံးဟာ နာဂျစ်ဘ်ကို နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ပြောင်းလဲ ကျခံခွင့် ပြုလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ လက်တွေ့ ထွက်ပေါ်လာတဲ့ စီရင်ချက်ကတော့ နာဂျစ်ဘ်အတွက် အရှိုက်ထိုးခံရသလို ဖြစ်သွားစေတယ်လို့ လေ့လာသူတွေ့ သုံးသပ်ခဲ့ပါတယ်။အသက် ၇၂ နှစ်အရွယ် နာဂျစ်ဘ်ဟာ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်အရ သူ့ရဲ့ ထောင်ဒဏ် ကာလကို ၁၂ နှစ်ကနေ ၆ နှစ်ထိ လျှော့ချခွင့် ရထားပါတယ်။ အဲဒီလက်ကျန် ပြစ်ဒဏ်ထဲက ထက်ဝက်လောက်ကို နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလဲနိုင်ဖို့ နာဂျစ်ဘ်ရဲ့ ရှေ့နေတွေက အပူတပြင်း ကြိုးစားခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့တာပါ။


