၂၀၁၁ ခုနှစ် ဖူကူရှီးမား နျူကလီးယားဘေးအန္တရာယ် ဖြစ်ပွားပြီးနောက်ပိုင်း ဂျပန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်ဘက်သို့ ပြန်လည်ခြေဦးလှည့်လာမှုတွင် အရေးပါသော အလှည့်အပြောင်းတစ်ခုအဖြစ် ကမ္ဘာ့အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို ပြန်လည်ပတ်ရန် ဆုံးဖြတ်ချက်ကို နီဂါတာဒေသ၏ အစိုးရ အာဏာပိုင်များက ဒီဇင်ဘာ ၂၂ ရက်တွင် အတည်ပြုပေးရန် မျှော်လင့်ရသည်။တိုကျိုမြို့၏ အနောက်မြောက်ဘက် ၂၂၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိသော Kashiwazaki-Kariwa နျူကလီးယားဓာတ်အားပေးစက်ရုံသည် ချာနိုဘိုင်းပြီးနောက် အဆိုးရွားဆုံး နျူကလီးယားမတော်တဆမှုဖြစ်သည့် Fukushima Daiichi စက်ရုံ ပျက်စီးစေခဲ့သော အင်အားပြင်းငလျင်နှင့် ဆူနာမီဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ပိတ်သိမ်းခဲ့ရသည့် နျူကလီးယားဓာတ်ပေါင်းဖို ၅၄ ခုအနက် တစ်ခုဖြစ်သည်။ ထိုအချိန်မှစ၍ ဂျပန်နိုင်ငံသည် ပြည်ပမှတင်သွင်းရသည့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုမှုကို လျှော့ချရန်အတွက် လက်ရှိလည်ပတ်နိုင်ဆဲဖြစ်သော ဓာတ်ပေါင်းဖို ၃၃ ခုအနက် ၁၄ ခုကို ပြန်လည်ပတ်ခဲ့ပြီးဖြစ်သည်။ အတည်ပြုချက်ရရှိပါက စက်ရုံရှိ ဓာတ်ပေါင်းဖို ၇ ခုအနက် ပထမဆုံးတစ်ခုကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စတင်လည်ပတ်ရန် TEPCO က စဉ်းစားနေကြောင်း အစိုးရရုပ်သံလိုင်း NHK က ဖော်ပြခဲ့သော်လည်း တာကာတာကမူ အချိန်ကာလနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
Dec 22 • 4:59 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


