back

ဘွန်ဒစ်လီဂါသမိုင်းမှာ ဂိုးပါဝင်ပတ်သက်မှု(၁၀၀) အမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားအဖြစ် ဟာရီကိန်း မှတ်တမ်းဝင်

Dec 22 • 4:58 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘွန်ဒစ်လီဂါသမိုင်းမှာ ဂိုးပါဝင်ပတ်သက်မှု(၁၀၀) အမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားအဖြစ် ဟာရီကိန်း မှတ်တမ်းဝင်

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့သမိုင်းမှာ ဂိုးပါဝင်ပတ်သက်မှု(၁၀၀) အမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြ...

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့သမိုင်းမှာ ဂိုးပါဝင်ပတ်သက်မှု(၁၀၀) အမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ဟာရီကိန်းဟာ တနင်္ဂနွေနေ့က ဟိုုင်းဟိုင်အသင်းကို (၄-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဘွန်ဒစ်လီဂါမှာ (၈၁)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၉)ကြိမ်ကို (၇၈)ပွဲကစားပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ဒါကြောင့် (၁၁၉)ပွဲကစားပြီး ဂိုးပါဝင်ပတ်သက်မှု(၁၀၀)ပြည့်မြောက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကစားသမားဟောင်း ရော်ဘင်ရဲ့ စံချိန်ကို ချိုးဖျက်ပြီး မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ဟိုင်းဟိုင်နဲ့ပွဲက ဟာရီကိန်းအတွက် ၂၀၂၅ အတွင်း ယှဉ်ပြိုင်ကစားရတဲ့နောက်ဆုံးပွဲဖြစ်ပြီး ကလပ်နဲ့ လက်ရွေးစင် နှစ်သင်းပေါင်း ဂိုး(၆၀)သွင်းယူနိုင်တဲ့နှစ်လည်း ဖြစ်ခဲ့ပါတယ်။

news-view-count-icon

31