မန္တလေးနဲ့ စစ်ကိုင်းမှာ အင်အားရစ်တာစကေး(၇.၇)အဆင့်ရှိငလျင်ကြီးလှုပ်ပြီး(၉)လကျော်ကြာသည့်အထိ ငလျင်တွေသိသိသာသာလှုပ်ခတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။မနေ့ကဒီဇင်ဘာလ(၂၁)ရက်မှာ မန္တလေးတိုင်း ဗဟိုချက်တည်နေရာ - မတ္တရာမြို့ရဲ့ အရှေ့တောင်ဘက် (၆)မိုင်ခန့်မှာ အင်အား ၃.၀ ရစ်(ခ်)တာစကေး အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
‘’မန္တလေးမှာ ညနေ၆နာရီခွဲကျော်မှာ သိသိသာသာ ငလျင်လှုပ်ခတ်ခဲ့တယ်”လို့ မန္တလေးဒေသခံတွေက ဖော်ပြထားပါတယ်။၂၀၂၅ခုနှစ်ထဲမှာမြန်မာနိုင်ငံမှာ ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးအခုဆိုရင် ငလျင်လှုပ်ခတ်မှုအကြိမ်အရေအတွက် (၂၅၁)ကြိမ်ရှိပြီလို့ သိရပါတယ်။


