ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဖိုးစိန်လမ်း ၊ကန်ပတ် လမ်းဆုံမှာ ဒီဇင်ဘာ ၂၁ရက်နေ့ည၌ လူငယ်စုံတွဲနှစ်ဦး စကားများ ရန်ဖြစ်မှု ဖြစ်ပွားခဲ့ရာကနေ ဒဏ်ရာရရှိခဲ့ပြီး လူမူကူညီရေးအသင်းက ကူညီခဲ့ရတယ်လို့ သိရပါတယ်။ဒီနေ့ ည၁၂နာရီခွဲက ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ ဖြစ်စဥ်ကြောင့် အမျိုးသားတစ်ဦး ဦးခေါင်းပေါက်ဒဏ်ရာနဲ့အမျိုးသမီးတစ်ဦးသတိမေ့မြောတဲ့ အနေ အထားနဲ့ တွေ့ရှိခဲ့တာလို့ ကူညီပေးခဲ့သူတွေက ပြောပါတယ်။ အဆိုပါဖြစ်စဥ်နေရာကို " လင်းလက်" လူမှုကူညီရေးအသင်းနဲ့ " ဒီဃာယုက "အသင်းတို့က လူနာတင်ယာဥ် ၂စီးနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။
Dec 22 • 4:51 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 40 | 0 | 0 | 0 |


