back

တောင်ကြီးတွင် အသက် ၁၄ နှစ် ကလေးနှစ်ဦး ပရဟိတကျောင်းမှ ထွက်‌ပြေးပြီး ၂ ပတ်ကျော် ကြာပျောက်ဆုံးနေ

Dec 22 • 4:50 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးတွင် အသက် ၁၄ နှစ် ကလေးနှစ်ဦး ပရဟိတကျောင်းမှ ထွက်‌ပြေးပြီး ၂ ပတ်ကျော် ကြာပျောက်ဆုံးနေ

တောင်ကြီးမြို့၊ အေးသာယာ သစ်ပင်ထောင်နားရှိ ပရဟိတ ကျောင်းတစ်ကျောင်းမှ အသက် ၁၄နှစ်အရွယ် ကလေးနှစ်‌‌ဦး ကျောင်းမှ ထွက်ပြေးပြီး နှစ်ပတ် ကျော်ကြာပျောက်ဆုံး နေကြောင်းသိရ...

တောင်ကြီးမြို့၊ အေးသာယာ သစ်ပင်ထောင်နားရှိ ပရဟိတ ကျောင်းတစ်ကျောင်းမှ အသက် ၁၄နှစ်အရွယ် ကလေးနှစ်‌‌ဦး ကျောင်းမှ ထွက်ပြေးပြီး နှစ်ပတ် ကျော်ကြာပျောက်ဆုံး နေကြောင်းသိရပါသည်။ဖြစ်စဉ်မှ ဒီဇင်ဘာလ ၇ ရက်နေ့ တနင်္ဂနွေ နေ့တွင် ပရဟိတကျောင်းမှ ဆရာ၊ ဆရာမများ ဘုရားကျောင်း တက်နေချိန် ကလေးငယ်နှစ်ဦးသည် ထွက်ပြေးသွားပြီး ယနေ့အချိန်ထိ ပျောက်ဆုံးနေကြောင်း မိသားစုထံမှသိရသည်။"ဆရာတွေ ဘုရားကျောင်းတက်တဲ့အချိန် ထွက်ပြေးသွားတယ်ဆိုပြီး ကျောင်းကတော့ အဲ့လို့ပြောတယ်။ ကျွန်မကလေးကို ပျောက်ပြီးနောက် တစ်ရက်မှသိရတယ်။" ဟု မိသားစုဝင် တစ်ဦးမှ ပြောသည်။၎င်းပရဟိတကျောင်းမှ ထွက်ပြေးသွားပြီး ပျောက်ဆုံးနေသည့် ကလေးနှစ်ဦးသည့် ယခင်က အိမ်ပြန်ချင်သဖြင့် လမ်းစရိတ်ရှာပြီး အိမ်ပြန်မည်ဟု ပြောခဲ့ကြောင်း သိရသည်။ယင်း ကလေးငယ်နှစ်ဦးကို အေးသာယာမြို့နယ်ရှိ မိန်းလမ်းတစ်လျှောက်တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်များ၊ ကားကြီးကွင်းနှင့် ကြံခြံ စသည့်နေရာများတွင် မိသားစုများ လိုက်လံမေးမြန်းရှာဖွေခဲ့ကြသော်လည်း ယနေ့အချိန်အထိ မည်သည့် သတင်းအချက်အလက်မှ မရရှိသေးကြောင်း သိရသည်။

news-view-count-icon

26