back

မန်ယူ အသင်းခေါင်းဆောင် အက်စတွန်ဗီလာနဲ့ ပွဲမှာ ဒဏ်ရာရခဲ့လို့ ပွဲစဉ်တချို့ ဆုံးရှုံးရဖွယ်ရှိတယ်လို့ နည်းပြ ပြောကြား

Dec 22 • 4:49 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်ယူ အသင်းခေါင်းဆောင် အက်စတွန်ဗီလာနဲ့ ပွဲမှာ ဒဏ်ရာရခဲ့လို့ ပွဲစဉ်တချို့ ဆုံးရှုံးရဖွယ်ရှိတယ်လို့ နည်းပြ ပြောကြား

မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က အက်စတွန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ပွဲစဉ်တချို့ ဆုံးရှုံးရဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ...

မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က အက်စတွန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ပွဲစဉ်တချို့ ဆုံးရှုံးရဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ မန်ယူအသင်းက အက်စတွန်ဗီလာကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ဟာ ပထမပိုင်းပြီးခါနီးမှာ ဒဏ်ရာရရှိခဲ့တာပါ။ဗြိတိန်မီဒီယာတချို့ကတော့ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူအသင်းရဲ့ အရေးအပါဆုံးကစားသမားဖြစ်တာကြောင့် သူ့ကို ဆုံးရှုံးရချိန်မှာ မန်ယူအသင်းအနေနဲ့ အခက်တွေ့ဖွယ်ရှိကြောင်း သုံးသပ်ခဲ့ကြပါတယ်။မန်ယူအသင်းဟာ နှစ်သစ်ကူးကာလမှာ ပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး လာမယ့်တစ်ပတ် နယူးကာဆယ်နဲ့ပွဲကိုတော့ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ သေချာပေါက်လွဲချော်မယ်လို့ သိရပါတယ်။

news-view-count-icon

28